ဇာက်ကား ကြည့်မယ်
ဒီနေ့တော့ ဇာတ်ကား တကား ကြည့် ဖြစ်၏။ မနေ့ညကလည်း တကား ကြည့်ဖြစ်၏။ မီး မမှန်တာနဲ့ online လည်း ကောင်းကောင်း သုံးမရနေတာနဲ့ ဇာတ်ကားတွေပဲ ကြည့်ဖြစ်နေတော့၏။ Wifi ကြိုး ဝယ်ပြီးရင်တော့ အဆင်ပြေပါပြီ။ ခုထိတော့ မဝယ်ရသေးပေ။ မီးပျက်ချိန် ကြည့်ဖို့အတွက် wifi သုံးလို့ရချိန်မှာ ဇာတ်ကားတွေ ကြိုပြီး download ဆွဲထားရ၏။ ဟို မှန်ကွဲသွားသည့် cc9 phone ထဲမှာဆိုရင်လည်း download လုပ်ထားပြီး မကြည့်ရသေးသည့် ဇာတ်ကားတွေ အများကြီး ကျန်နေသေး၏။
အဆိုပါ phone အဟောင်းလေးကို မှန်လဲမယ် လဲမယ်နဲ့ ခုထိတော့ မလဲရသေးပေ။ ပထမ တဆိုင်မှာတော့ ဈေးက ၁ သိန်း နား ကပ်၏။ နောက်တဆိုင်မှာတော့ ၇ သောင်းခွဲသာ ရှိ၏။ အဆိုပါ ဈေးလောက်ဆို တန်နေပြီ။ နို့ပေမယ့် လက်ထဲ ပိုက်ဆံ အပိုက မရှိနေသေးပေ။ Hive ဈေးလေး တက်လာရင်တော့ ကောင်းသား။ ထို phone လေးကို ပြင်ပြီး ရောင်းကာ tablet လေး ဖြစ်ဖြစ်၊ iPad လေး ဖြစ်ဖြစ် ဝယ်မလား တွေးထား၏။ အသစ်တော့ မဟုတ်ဘူးပေါ့လေ။ Second hand ပဲ ဖြစ်ဖြစ်ပေါ့။
မနေ့ ရှေ့တရက်က Moana 2 ကြည့် ဖြစ်၏။ Download ဆွဲပြီးတာကတော့ ကြာနေပါပြီ။ ကြည့်မယ် ကြည့်မယ်နဲ့ မကြည့် ဖြစ်နေသေးတာ။ မနေ့ ညကတော့ Kung Fu Jungle ကြည့် ဖြစ်၏။ တရုတ် အက်ရှင်ကားပေါ့။ Fighting အသားပေး ဇာတ်ကား ဖြစ်၏။ အထိုးအသတ် အခန်းတွေက ကြည့်လို့ ကောင်း၏။ ငယ်ငယ်ကတည်းက အက်ရှင်ကား ကြိုက်သည့် ကျနော့် အတွက်တော့ ဇာတ်ကားကောင်းတယ်ဟု ပြောလို့ရ၏။ မင်းသားက Donnie Yen ဆိုတော့ အများကြီး ပြောနေစရာ မလိုပေ။
ဒီနေ့ နေ့လည်က တကား ထပ်ကြည့်၏။ ဒီတခါကတော့ အိန္ဒိယ ဇာတ်ကား ဖြစ်၏။ ဇာတ်ကား နာမည်က The Storyteller ဖြစ်၏။ မင်းသားကြီး Paresh Rawal ပါဝင်သရုပ်ဆောင်ထား၏။ ကျနော်တို့နဲ့ မစိမ်းသည့် မင်းသားကြီး ဖြစ်၏။ OMG ဇာတ်ကား နှင့်တွဲပြီး သူ့ကို ကျနော် မှတ်မိခဲ့ခြင်း ဖြစ်၏။ ခု ဇာတ်ကားထဲမှာလည်း OMG တုန်းကလိုပဲ dialogue တွေက အတော်လေး မိုက်၏။ The Storyteller ဇာတ်ကားထဲမှာ မထင်မှတ်ထားသည့် အချိုးအကွေ့လေးကို ခပ်ပါးပါးလည်း ထည့်ပြထားခဲ့သေး၏။
ဒီရက်ပိုင်းတော့ ဇာတ်ကားတွေ ကြည့် ဖြစ်နေဦးမယ် ထင်ပါရဲ့။ တခါတလေတော့လည်း အနားယူ အပန်းဖြေဖို့ လိုသည် မဟုတ်လား။ အနား ချည်းချည်းပဲ ယူနေပြန်ရင်လည်း မကောင်းပေ။ မျှမျှတတလေးပေါ့။
!hiqvote
@ansoe, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
!LOLZ
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Luckily I Noah guy.
Credit: happyme
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
!LOLZ
!MEME
lolztoken.com
But I forgot to mention it to him.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin
(2/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!